ပုလော မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ Grade -5 သင်ရိုးသစ်သင်တန်းကို မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့အခြေခံပညာအတက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ Grade -5 သင်ရိုးသစ်သင်တန်းကို ပုလောမြို့နယ်တွင် ပုလောမြို့(အထက-၁)၊ ပလမြို့ (အထက-ခွဲ)၊ ပလောက်မြို့(အထက-၁)တို့တွင် (၃)နေရာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ပုလောမြို့၌ စာရင်းရှိ ၂၆၉ ဦးတွင် တက်ရောက်သူ ၂၂၉ ဦး၊ ပလမြို့၌ စာရင်းရှိ ၁၂၂ ဦးတွင် တက်ရောက်သူ ၁၀၄ ဦး၊ ပလောက်မြို့၌ စာရင်းရှိ ၁၂၁ ဦးတွင် တက်ရောက်သူ ၁၁၃ ဦး စုစုပေါင်း ၅၁၂ ဦးတွင် တက်ရောက်သူ ၄၄၆ ဦး ရှိကြောင်းနှင့် သင်တန်းကို မေလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၄)ရက်တိုင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှသိရသည်။
အေးအေးမော်(ပုလော)