ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ငါန်းဇွန် မေ ၁၀

မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင်ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအားလုံး ကိုဗစ်ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နဝမအသုတ် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နဝမအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၁၂၇) ဦး၊ မြို့သာဇုံမှ (၁၄၆) ဦး၊ ငါန်းမြာဇုံမှ (၅၆) ဦး၊ ခြင်္သေ့လက်ဇုံမှ (၅၅) ဦး၊  ဂျိုဇုံမှ (၁၃၀) ဦး၊ သံဘိုဇုံမှ (၅၄) ဦးနှင့် ကုလားရွာဇုံမှ (၄၅) ဦး စုစုပေါင်း (၆၁၃) ဦး ထိုးနှံပေးခဲ့ကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)