နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်

နမ့်ဆန် မေ ၁၀

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အချင်းချင်း အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲကို ပါမောက္ခဒေါက်တာကေသီထွန်း၏ ရေလောင်းပေါင်းသင်ပန်းပျိုးပင် ကလေးသူငယ်တို့၏ ကျန်းမာရေးစာအုပ်ပါ အဝလွန်ခြင်းနှင့် ကျန်းမာရေးပြဿနာများ ခေါင်းစဉ်နှင့်ဆိုင်သော အကြောင်းအရာများ  သတိပြုစရာ ဦးနှောက်ရောင်ရမ်းခြင်းရောဂါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြရာ  (Youth Club) အဖွဲ့ဝင်    မချိုချိုသင်းမှ ကလေးများအတွက် မရှိမဖြစ်လိုအပ်သော နှစ်ခြိုက်စွာအိပ်မောကျခြင်း အကြောင်းအရာများ၊ ဦးစီးအရာရှိ ဒေါ်ထားထားလှိုင်မှ သားသမီးတို့အတွက် ဘဝပြုစုပျိုးထောင်ရေး အကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်