သိန္နီ မေ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် Face To Face သင်တန်းဖွင့်လှစ်ပွဲအခမ်းအနားကို သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက သင်တန်းတွင် သင်ကြားပို့ချမည့် သင်တန်းနည်းပြ များနှင့် သင်တန်းသူသင်တန်းသားများကို မူလတန်းအဆင့် Grade -5 သင်ရိုးသစ်အား စိတ်ပါဝင်စားစွာသင်ယူနိုင်ရေးနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။ အခြေခံပညာ မူလတန်းအဆင့် Grade -5 သင်ရိုးသစ် သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယနှင့်ဂီတပန်းချီ တို့ကို သင်တန်းနည်းပြ (၁၄)ဉီးက ဘာသာရပ်အလိုက်ပို့ချခြင်းဖြစ်သည်။ အဆိုပါသင်တန်းသို့ သိန္နီမြို့နယ် အတွင်းရှိ ဆရာဆရာမ (၂၅၁)ဉီး တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းကို မေ လ ၁၀ ရက်နေ့မှ မေ လ ၁၄ ရက် နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
စောဥမ္မာ (သိန္နီ)