ပုဗ္ဗသီရိ မေ ၁၀
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းအဆင့် Grade-5 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်က အဖွင့်အမှာစကားပြောကြားရာတွင် “နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကသော့ ချက်အကျဆုံးနေရာတွင် ပါဝင်နေကြောင်း၊ ပြောင်းလဲလာသည့်ခေတ်နှင့်အညီ စိန်ခေါ်မှု အမျိုမျိုးနှင့် ကြုံတွေ့နေရသည့် မျက်မှောက်ကာလတွင် ကျောင်းသား၊ ကျောင်းသူများကို ထိန်းကျောင်းပေးရသည့် ဆရာ၊ ဆရာမတို့၏ အားစိုက်ထုတ်ရမှုများသည်လည်း ပိုပြီး တာဝန်များပြား လာသည်ကိုတွေ့ရကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် ဆရာ့ထံမှ လေ့လာသင်ယူဆည်းပူးပြီး သင်ယူတတ်မြောက်နိုင်သည့် အခွင့်အလမ်းများကို နည်းစနစ် မှန်မှန်ကန်ကန်ဖြင့် ပြန်လည်အသုံးချနိုင်မည်ဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း သင်ကြားရေးတွင် ပိုမိုမြင့်မားသော ဆရာ၊ ဆရာမများဖြစ်လာရန် ကြိုးပမ်းသွားကြရန်လိုကြောင်း”ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမ (၂၈)ဦးနှင့် သင်တန်းသား/သင်တန်းသူ ဆရာ၊ ဆရာမ (၄၀၁) ဦးတက်ရောက်ကြပြီး အဆိုပါသင်တန်းကို မေလ(၁၀)မှ မေလ (၁၃) ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)