လဲချားမြို့နယ်တွင် သင်ရိုးသစ် Grade-5 ဆင့်ပွားသင်တန်းဖွင့်လှစ်

လဲချား မေ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် သင်ရိုးသစ် Grade-5  ဆင့်ပွားသင်တန်းကို  ယနေ့ နံနက် ၉ နာရီအချိန်က အ-ထ-က (လဲချား) ကျောင်းတွင် ဖွင့်လှစ်သင်ကြား ပို့ချ​ပေး​လျက်ရှိသည်။

အဆိုပါသင်တန်းကို ပညာ​ရေးသု​တေသန၊ စီမံကိန်းနှင့်​ လေ့ကျင့်​ရေးဦးစီးဌာနမှ နည်းပြတို့ က Grade-5 သင်ရိုးသစ် သင်ခန်းစာများကို Onlineဖြင့် သင်ကြား​ပို့ချ​ပေး​ရာတွင် တက်ရောက်ထားသော လဲချားမြို့နယ်မှ ဆရာ၊ဆရာမနည်းပြများမှ သင်တန်းတွင်  မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာ ဘာသာရပ်များကို မေလ (၁၀)ရက်နေ့မှမေလ ( ၁၃ )ရက်နေ့ နံနက် (၉)နာရီမှညနေ (၄)နာရီအထိ လေးရက်တာ ပြန်လည်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် မြို့နယ်အတွင်းမှဆရာ/ဆရာမ (၁၉၈)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။ ​

လွှမ်းသူနောင် (လဲချား)