မိတ္ထီလာ မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စာရင်းဇယားများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း(နည်းပညာ)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးသူဇာလှ(နည်းပညာ)၊ ဦးစီးအရာရှိ ဒေါ်အေးဆုမွန်(နည်းပညာ)တို့မှ ခရိုင်တွင်းစစ်ဆေးရေး အဖွဲ့နှင့်အတူ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် ဒုတိယသုံးလ ပတ်(ဇန်နဝါရီလမှ မတ်လ)အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံရေးရာနှင့် ဝန်ထမ်းရေးရာ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ ကျေးလက်ကုန်ထုတ်လမ်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် စာရင်းဇယားများကို ဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)