ကျိုင်းတုံ မေ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) ပြည်နယ်အဆင့် နည်းပြသင်တန်းအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညွှန့်ဌေးနှင့် ပြည်နယ်ပညာရေးမှူးရုံးခွဲ (ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းနိုင်တို့က အခြေခံပညာအလယ်တန်းအဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြင့်မားလာစေရေးနှင့် Grade-8 (သင်ရိုးသစ်) ဘာသာရပ်များကို စနစ်တကျ လေ့လာသင်ယူ ဆွေးနွေးမှတ်သားပြီး ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားစေလိုကြောင်း ပြောကြားသည်။
သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ် (၁၁)မြို့နယ်မှ သင်တန်းသား ဆရာ/ဆရာမ ၁၂၆ ဦး တက်ရောက်ပြီး မေလ ၉ ရက်မှ ၁၁ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)