ဒဂုံမြောက် မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၂)ရပ်ကွက်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ မေလ ၉ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ပရိယတ္တိသာသနာ ထွန်းကားပျံ့ပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ကို သံဃာ(၂၁၅) ပါး၊ သီလရှင် (၂၁)ပါး စုစုပေါင်း(၂၃၆)ပါး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တတိယနေ့ ပါဠိပထမပြန် စာမေးပွဲဖြေဆိုရာတွင် ပထမကြီးတန်း သံဃာ(၄၇)ပါး၊ သီလရှင်(၂)ပါး၊ ပထမလတ်တန်း သံဃာ(၅၅)ပါး၊ သီလရှင်(၅)ပါး၊ ပထမငယ်တန်း သံဃာ(၆၀)ပါး၊ သီလရှင် (၆)ပါး၊ အခြေပြုမူလတန်း သံဃာ(၅၃)ပါး၊ သီလရှင်(၈)ပါး၊ စုစုပေါင်း (၂၃၆)ဦး ဝင်ရောက် ဖြေဆိုကြပြီး ဖြေဆိုမှုရာခိုင်နှုန်း ၇၉.၁၉ ရခိုင်နှုန်းရှိကြောင်း သိရှိရသည်။ ပါဠိပထမပြန်စာမေးပွဲသို့ ဩဝါဒဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်များနှင့် စာမေးပွဲ ကြီးကြပ်ရေး ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင် ဆရာတော်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်များ လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
သံဃာနှင့် သီလရှင်ဆရာလေးများ စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လက်ထောက်လဝကမှူး၊ မြို့နယ်မီးသတ်ဦးစီး ဌာန၊ မြို့နယ်ကြက်ခြေနီ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ဝေယျာဝစ္စများနှင့် လုံခြုံရေး၊ ကျန်းမာရေး ကိစ္စရပ်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ