ငါ့သရောက် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ မြေနဲကြီးကျေးရွာတွင် ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်နှင့် ဝန်ထမ်းများမှ သွားရောက်ကာ ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် တောင်သူအသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲတွင် ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်မှ မြေပဲသီးနှံ မကွေး (၁၆) မြေပဲမျိုးအား GAP အထူးဇုန် စံပြကွက် ဧက (၅၀) ဆောင်ရွက်မည့် အသေးစိတ်ဆွေးနွေးခြင်း၊ ငါ့သရောက်ဒေသ၏ အမယ်သစ် သီးနှံများဖြစ်သော ဝါသီးနှံနှင့် နေကြာသီးနှံ စိုက်ပျိုးရေးနည်းစနစ်များ၊ မျိုးကွဲများ၊ တစ်ဧကခန့်မှန်းကုန်ကျစရိတ်နှင့် ဝင်ငွေများ၊ မြေသြဇာစနစ်တကျ အသုံးပြုနည်းများ၊ ပိုးရောဂါကာကွယ်နှိမ်နင်းနည်းများကို အသေးစိတ်ဆွေးနွေးခြင်းနှင့် သစ်စိမ်းမြေသြဇာစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို တောင်သူများသိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူများသိရှိလိုသည်များကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဖြိုးဝေ(ပြန်/ဆက်)