ကျိုင်းတုံ မေ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးအေးမောင်နှင့် ကျိုင်းတုံခရိုင် စာရင်းစစ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်တို့က ငွေစာရင်းလချုပ်/ နှစ်ချုပ်ရေးဆွဲနည်း၊ ငွေစာရင်း ဌစ (၁၆) မျိုး စာရင်းပြုစုနည်း၊ ငွေစာရင်း ဘဏ်စာရင်းဖွင့်နည်း/ ပိတ်နည်း စသည့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ သင်ခန်းစာများကို အသေးစိတ် ရှင်းလင်းသင်ကြားပို့ချသည်။
အဆိုပါသင်တန်းသို့ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ တုံတာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဝန်ထမ်း (၁၀)ဦး တက်ရောက်သင်ယူကြပြီး မေလ ၉ ရက်မှ ၁၁ ရက်အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)