မိုးကုတ် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ကျရောက်သော မ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ကြက်ခြေနီ လူမှုဂရုဏာလုပ်ငန်းများကို ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကြက်ခြေနီမောင်/မယ်များကို ဂုဏ်ပြု အခမ်းအနားအား ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မဏိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိ ရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာအောင်မြင့်မှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ ကြက်ခြေနီနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် အလှူငွေထည့်ဝင်လှူဒါန်းပေးသော အလှူရှင်များနှင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့တွင် လေးပြင်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိသားစု (၂) စုအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးပို့သော ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာအောင်မြင့်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြို့မိမြိုဖများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ပါသည်။၊
ဆက်လက်ပြီး ကြက်ခြေနီ မောင်/မယ်များအား ဂုဏ်ပြုအမှတ်တရပစ္စည်းများ ပေးအပ်ပြီး မြို့နယ် ကြက်ခြေနီအသင်းခွဲ (အတွင်းရေးမှူး) ဒေါ်မြင့်မြင့်ဦးမှ ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနား အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရ သည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်ကြက်ခြေနီများ၊ ဖိတ်ကြားထား သည့် ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
နန်းခွာညိုနှင်း (ပြန်/ဆက်)