ပုသိမ်ကြီး မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် (VDP)နှင့် Cash For Work စီမံကိန်း ဆောင်ရွက်ရန် ကျေးရွာများရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်က လုပ်ငန်းစီမံကိန်းအကြောင်း ရှင်းလင်းပြောကြားရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရန် လျာထားသည့် ကျေးရွာများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း (VDP) ဆောင်ရွက်ရန် လျာထားသည့် ကျေးရွာများအား ရွေးချယ်ဆောင်ရွက်မည် မဟုတ်ကြောင်း၊ ယခုကျေးရွာများ ရွေးချယ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများဖြင့် (VDP) စီမံကိန်းအတွက် ကျေးရွာ (၄) ရွာ၊ Cash For Work စီမံကိန်းအတွက် ကျေးရွာ (၃)ရွာ စုစုပေါင်း ကျေးရွာ (၇)ရွာအား ရွေးချယ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးညွန့်ဆန်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို