ငါ့သရောက် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်အေးအေးမို့မှ ဦးစီးကာပြုလုပ်ခဲ့ပြီး။ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒေါ်နုနုလှိုင်မှ "အောင်မြင်ချင်တယ်ဆိုရင်" ခေါင်စဉ်ပါအကြောင်းအရာ များဖြစ်သော "လူတစ်ဦးတစ်ယောက် အောင်မြင်ချင်တယ်ဆိုရင် မိမိလုပ်ငန်းအပေါ်မှာ အမြင့်မားဆုံးတန်ဖိုးထားပြီး ကောင်သည်ထက် ကောင်းအောင်၊ အကောင်ဆုံးဖြစ်အောင်ကြိုးစား အားထုတ်နေရမည်ဖြစ်ပြီး။ ပန်းချီ၊ ဂီတ စာပေ၊ စက်မှု၊ စျေးရောင်း၊ ဖိနပ်ချုပ်၊ ကုန်သည်၊ ပွဲစား၊ ခြံစိုက် ဘာပဲလုပ်လုပ် တစ်ခုခုမှာ ကျွမ်းကျင်တက်မြောက်ရင် ထူးချွန်လာပြီး အောင်မြင်စေပါ တယ်။ ဟိုရွှေ့ ဒီပြောင်းနဲ့စိတ်မပျံ့လွင့်လေနဲ့။ တစ်ခုမကောင်း တစ်ခုပြောင်းပြီးမထွေပြားလေနဲ့။ အချိန်ပေးပြီးဇွဲရှိရှိနဲ့ စွဲစွဲမြဲမြဲ စူးစူးစိုက်စိုက် အလုပ်လုပ်ရင် ဘာဖြစ်ဖြစ် အောင်မြင်မှာမလွဲဘူး။ အောင်မြင်မှုဆိုတာ အထပ်ထပ်အခါခါ၊ အကြိမ်ကြိမ်၊ အလီလီဆောင်ရွက်ရတဲ့ သဘောရှိပါ တယ်" စသည့်လူတစ်ယောက်အောင်မြင်မှု၏ အရေးကြီးဆုံးလုပ်ဆောင်ရမည့်သဘောတရား များကို အခြာအဖွဲ့ဝင်များအားရှင်းပြကာ စတင်ဆွေးနွေးခဲ့ပြီး အခြားစာအုပ်စာစောင် ချစ်မြတ်နိုးသူများမှလည်း မိမိတို့ဖတ်ရှုထားသော အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်းသိရသည်။
ဖြိုးဝေ(ပြန်/ဆက်)