ပုံပါကျင်၌ Community Centre ခန်းမ၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ပုံပါကျင် မေ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community  Centre ခန်းမတွင် စာရေးဆရာအတ္တကျော်၏ “သားငယ်တို့နားလည်ဖို့” စာအုပ်ကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မြမြအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အသင်းဝင်ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဦးဆောင်၍ စာရေးဆရာ အတ္တကျော်၏ “သားငယ်တို့ နားလည်ဖို့” စာအုပ်ထဲမှ အခန်း(၁)ကြီးကောင်ဝင်စ ခန္ဓာကိုယ်‌အပြောင်းအလဲ၊ အခန်း(၂) ရှက်ရွံ့စိတ်၊ အခန်း(၃) ယောက်ျားဘသားကျားကျားလျားစသည့် ခေါင်းစဉ်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် အတူ အသီးသီး ဖတ်ကြားဆွေးနွေးကြောင်း သိရသည်။

ပုံပါကျင်(ပြန်/ဆက်)