တောင်ဥက္ကလာပ မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် စာရေး ဆရာ မောင်မောင်ကြီးမြင့်ရေးသားသော ဗုဒ္ဓဘုရားရှင် သာသနာတော်အတွင်း မြေမြိုခံရသူ ၅ ဦး စာအုပ်မိတ်ဆက်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာပန်းမျိုးခင်မှ စာရေးဆရာ မောင်မောင်ကြီးမြင့်၏ ကိုယ်ရေး အကျဉ်းအား ဖတ်ကြားမိတ်ဆက်တင်ပြခဲ့ပြီး မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ ထွန်းဖောင်ဒေးရှင်း စာပေဆုရဆရာ အောင်ကြည်ညွန့်(တက္ကသိုလ်)နှင့် စာရေးဆရာ၊ ပန်းချီဆရာ ဦးစိုးမြင့်ဒွဏ်းတို့မှဆရာ မောင်မောင်ကြီးမြင့် ရေးသား ထုတ်ဝေ သော ဗုဒ္ဓဘုရားရှင် သာသနာတော်အတွင်း မြေမြိုခံရသူ ၅ ဦး စာအုပ်နဲ့ပတ်သက်ပြီး မုဒိတာနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စာရေးဆရာ မောင်မောင်ကြီးမြင့်မှ ဗုဒ္ဓဘုရားရှင်သာသနာတော်အတွင်း မြေမြိုခံရသူ ၅ ဦးစာအုပ်များကို မြန်မာနိုင်ငံစာရေးဆရာအသင်း ၊ တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်း စာကြည့်တိုက်၊ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များသို့ လှူဒါန်းခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက် လာသူများအား စာအုပ်များ အမှတ်တရလက်ဆောင်ပေး၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အခမ်းနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း