ရန်ကုန် မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ စုပေါင်းရုံးတွင် သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ရွာမအရှေ့ ရပ်ကွက်၊ မင်းကြီးလမ်းရှိ စုပေါင်းရုံးတွင် ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်သာယာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ စုပေါင်းရုံးအတွင်းရှိ အမှိုက်များရှင်းခြင်း၊ ခြုံနွယ်များရှင်းခြင်း၊ ရေမြောင်းအတွင်းရှိ အမှိုက်များ ရှင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေးတို့ကို ဆောင်ရွက်ခဲ့ကြပြီး ရရှိလာသော အမှိုက်များကို အမှိုက်သယ်ကားဖြင့် ထိန်ပင် အကုန်းသို့ စနစ်တကျ ပို့ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို