ကဆုန်လပြည့်နေ့၌ ကျိုက်ဒုံမြို့၊ လေးဖိုးကျောက်တောင်ပေါ်တွင် ဓမ္မစေတီနှင့် တေဇောစေတီတော်နှစ်ဆူ ရွှေထီးတော်တင်လှူပွဲ ကျင်းပမည်

ကျိုက်ဒုံ မေ ၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ လယ်တောကြီးကျေးရွာအုပ်စု၊ လေးဖိုးကျောင်းတိုက်၊ လေးဖိုးကျောက်တောင်ပေါ်၌ ဓမ္မစေတီနှင့် တေဇောစေတီတော်နှစ်ဆူ ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် ညောင်ရေသွန်းပွဲကို ကဆုန်လပြည့်နေ့၊ နံနက် ၉ နာရီတွင် လေးဖိုးကျောင်း ဆရာတော်၊ လယ်တောကြီးကျောင်းဆရာတော်၊ ရွာလုံးတောင် ကျောင်းဆရာတော်တို့မှ ဦးဆောင် ပြီး ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စေတီတော်နှစ်ဆူ ပြန်လည်ပြုပြင်ရာ၌ လေးဖိုးကျောင်းဆရာတော်မှ ဦးဆောင်ပြီး အများတကာကောင်းမှုဖြင့် အလှူရှင်များကစုပေါင်း၍ စေတီတော်ပြန်လည်ပြုပြင်ရန်အတွက် လှူဒါန်းခဲ့ပြီး ကျေးရွာနေ ပြည်သူများ၊ သီလရှင်များမှလည် နေ့စဉ်လုပ်အားဒါနများဖြင့် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)