ဝမ်းတွင်း မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်မှ စတင်ကာသတ်မှတ်ထားသော စုရပ်များနေရာများအလိုက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး FirstDose၊ SecondDose၊ BoosterDose ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၆၅)နှစ် အထက်ရှိသူများ၊ ဒေသခံပြည်သူများအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက် အလက်စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီးကျန်းမာရေးကောင်းမွန်သူ အသက် (၆၅)နှစ်ထက်ရှိသူများ၊ ဒေသခံပြည်သူ(၁၄၉၅)ဦးအား Covid19ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွာသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)