ရွှေပြည်သာမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ သံဃာ၂၆၀ ပါးသီလရှင် ၈၉ ပါးလူ ၁ဦး စုစုပေါင်း ၃၅၀ဦး ဝင်ရောက်ဖြေဆို

ရွှေပြည်သာ   မေ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပါဠိပထမပြန် စာမေးပွဲကို မေလ ၇ ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်တွင် မြို့နယ်သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပြီး နံနက်ပိုင်းတွင် ဖွင့်ပွဲအထိမ်းအမှတ် စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းတွင် သံဃာ ၃၃ ပါး သီလရှင် ၄ ပါးစုစုပေါင်း ၃၇ပါး ပထမလတ်တန်းတွင် သံဃာ ၄၅ ပါးသီလရှင် ၁၃ပါး စုစုပေါင်း ၅၈ပါး ပထမငယ်တန်းတွင် သံဃာ ၇၅ ပါးသီလရှင် ၃၇ပါးလူ ၁ ဦး စုစုပေါင်း ၁၁၃ အခြေပြု မူလတန်းတွင် သံဃာ ၁၀၇ သီလရှင် ၃၅ စုစုပေါင်း ၁၄၂ဝင်ရောက်ဖြေဆိုခဲ့ပြီး စာမေးပွဲအား မေ ၇ ရက်နေ့မှ မေ ၁၃ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း