ဟိုပန် မေ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) တို့ ပူး ပေါင်းပြီး စာရေးဆရာမ ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်) ရေးသားထားသည့် “လှပချင်ရင် ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲက(၂)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ “လှပချင်ရင် ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ပါ” သုတစာအုပ်မှ “လှပခြင်းထဲမှာ ထက်မြက်ခြင်း တက်ကြွခြင်း ရွှင်ပျခြင်းတို့ ပါဝင်နေတယ်” ခေါင်းစဉ် ဖြင့် ဉီးဆောင်ဖတ်ကြား ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဟိုပန်မြို့နယ်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) မှ အဖွဲ့ဝင်များ ဖြစ်သည့် ဒေါ်အိသဉ္ဇာအောင်က “ချိုသာပြေပြစ် လူတိုင်းချစ်တဲ့နည်း”ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ဒေါ်ဇင်မာလှိုင် က “လှပခြင်းဆိုတာ ကျန်းမာမှ ရတဲ့အကျိုး”ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ဒေါ်ထက်ထက်ဝေက “ အပြောအဆိုအနေအထိုင်မှာ သဘာဝကျပါစေ” ဆိုသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြား၍ စိတ်ဝင်တစား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)