မြဝတီမြို့ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေး တံတားတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မြဝတီ  မေ 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ရှေ့တန်းအမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး စိုင်းဇော်မိုးထွန်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အဖွဲ့ဝင် ဦးအောင်မင်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းဇော်တို့ မှ ကြည့်ရှုအားပေးသည်။

ထိုသို့ စုပေါင်းဆောင်ရွက်ရာတွင် မြဝတီခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရှေ့တန်းအမှတ်(၂၇၅)ခြေလျင်တပ်ရင်းမှ အရာရှိစစ်သည် တပ်ဖွဲ့ဝင်များ၊ မြဝတီခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အသင်း အဖွဲ့များနှင့် အဖွဲ့အစည်းများ၊ နယ်မြေခံ နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်များ စုပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။

မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ စုပေါင်း၍ စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားတွင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်