ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကြက်ခြေနီအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်

ဆီဆိုင် မေ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ကြက်ခြေနီအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို  ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကြီးဒဲရယ်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးချိုတူးမောင်က ကြက်ခြေနီဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ရည်ရွယ်ချက်များ၊ မျှော်မှန်းချက်များ၊ အခြေခံမူများ၊ ဆီဆိုင်မြို့အတွင်း ကြက်ခြေနီအသင်းခွဲမှ လက်ရှိဆောင်ရွက် ပေးနေမှု အခြေအနေများကို  အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)