လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၆)လမှ(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေး

လှိုင်သာယာ(အရှေ့ပိုင်း) မေ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အသက် (၆)လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက အမှတ်(၄)ရပ်ကွက်ဓမ္မာရုံတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဌာနမှ ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး၀န်မ်းများက အသက်()လမှ (၁)နှစ်ခွဲအောက် ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာ) ပိုလီယိုပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၀က်သက်ဂျိုက်သိုးကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက်ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေးလာရောက်ထိုးနှံသော အသက်တစ်နှစ်ခွဲအောက်ကလေးငယ်(၃၅)ဦး ထိုးနှံပေးသည်။

အဆိုပါ  ပုံမှန်ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့်  ကလေးများအား ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  စနစ်တကျ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့်  နှာခေါင်းစည်း  (Mask)များ တပ်ဆင်စေပြီး ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ် (၄)ရပ်ကွက် တာ၀န်ရှိသူများထံမှ သိရသည်။

ခင်၀င်းမူ