မှော်ဘီ မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံကိန်းနှင့် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ကြည်မှ အဖွင့်အမှာ စကားပြောကြားရာတွင် မှော်ဘီမြို့နယ်အတွင်း ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅) ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်၊ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး လုပ်ငန်းစဉ်ကြီး (၁၄) ရပ်ချမှတ် အကောင်ထည် ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြည်ထောင်စု ဘတ်ဂျတ်နှင့် တိုင်းဒေသကြီးဘတ်ဂျတ်တို့ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်သွားမည့် ဌာနဆိုင်ရာ များအလိုက် လုပ်ငန်းများကို အချိန်မှီ ပြီးစီးအောင် ဆောင်ရွက်ရမည့် အရာများကို မှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင်ထည်ဖော်ရေးကော်မတီ၊ မြို့နယ် စီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုဝါကျော်က ၂၀၂၂- ၂၀၂၃ စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသန္တရ စီမံကိန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက စီမံကိန်း တာဝန်များကို ဌာနဆိုင်ရာများအလိုက် တာဝန်ရှိသူများ ထံပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းဇော်(ပြန်/ဆက်)