စမ်းချောင်းမြို့နယ်တွင် အစိုးရဓမ္မာစရိယ စာမေးပွဲများ ဖြေဆို

စမ်းချောင်း မေ ၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်းနှင့် ပြည်လမ်းထောင့်ရှိ အ.ထ.က-၂ ကျောင်း၌ ဧပြီလ ၃၀ ရက်နေ့မှ စတင်ဖြေဆိုလျက် ရှိရာ ဆဌမမြောက်နေ့အဖြစ် ယနေ့တွင် ဓမ္မာစရိယ စာဖြေသံဃာများ စာမေးပွဲများကို  အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲ ခြောက်ရက်မြောက်နေ့တွင် လာရောက် ဖြေဆိုကြသည့် စာဖြေသံဃာတော်များအား စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်သာသနာရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး တပည့်၊ ဒါယကာ၊ ဒါယိကာမတို့မှလည်း အအေးများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

စမ်းချောင်း (ပြန်/ဆက်)