စမ်းချောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေး ဆောင်ရွက်

စမ်းချောင်း  မေ ၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာစေရေးအတွက်  ယနေ့ နံနက် ၇ နာရီက လူစည်ကားရာနေရာများနှင့် လမ်းဆုံမီးပွိုင့်များတွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှုများပြားသည့် မြို့နယ်အတွင်းရှိ ဗားကရာလမ်း၊ ရှင်စောပုရပ်ကွက်၊ Spirit Market ရှေ့မှတ်တိုင်နေရာများတွင် အများပြည်သူ  ခရီးသွားများ ယာဉ်တိုက်မှုမဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် မတော်ဆမှုများ ကင်းရှင်းစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး သက်ထွန်းဦး  ဦးစီးသောအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့ (၅၀) ဦးဖြင့် ယာဉ်စစ်ဆေး ဆောင်ရွက် ပေးလျက်ရှိပြီး လူစည်ကားရာ နေရာများတွင်လည်း ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းရှင်းလင်း စေရေးအတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)