မိုင်းငေါ့ မေ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်(၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ပြည်သူများ အသိပညာ ဗဟုသုတ ရှိစေရန်အတွက် Online စနစ်ဖြင့် Talk Show များပြုလုပ် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် ကိုရှင်းလင်း ပြောကြားခဲ့ပြီးနောက် “လူငယ်နှင့်ကြီးပွားရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ လူငယ်ဘဝသည် ခွန်အားပြည့်ဝစပြုချိန်၊ ဘဝအတွက်ရည်မှန်းချက် ရောင်နီသန်းချိန်၊ ဘဝပန်းတိုင်ကိုမျှော်လင့်နေချိန်၊ လူငယ်ဘဝတွင်မိမိ၏ အခြေခံဉာဏ်ရည် ကာယစွမ်းအား ဝါသနာနှင့်စိတ်ဝင်စားမှု အပေါ်မူတည်၍ ဘဝရည်မှန်းချက်ကို တည်ဆောက်ရမှာ ဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး၊ စာကြည့်တိုက်မှူး ဒေါ်မို့မို့မှ “လူငယ်နှင့်ဘာသာရေး” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးပေးခဲ့ပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းငေါ့မြိုရုံးအနေဖြင့် Online တဆင့်အသိ ပညာလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆွေးနွေးပွဲများ၊ Talk Showများ၊ ပြိုင်ပွဲများကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)