ခိုလမ် မေ ၆
သဘာဝနှင့်လူသားများ၏ လုပ်ဆောင်ချက်ကြောင့် ဂေဟစနစ်များ ပျက်စီးလာသဖြင့် အချိန်မှီထိန်းသိမ်းကာကွယ်ရန် လိုအပ်နေပြီဖြစ်သောကြောင့် နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြေရေး၊ သစ်တောဖုန်းလွှမ်းမှုကောင်းမွန်လာစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု မျှတ၍ ဂေဟစနစ်များ ကောင်းမွန်လာစေရေးအတွက်ရည်ရွယ်၍ ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာ အုပ်စု မက်မွန်လောင်းကျေးရွာ၌ သစ်တောဦးစီးဌာနမှဦးစီး၍ ဌာနဆိုင်ရာများ၊ ဒေသခံ တိုင်းရင်းသားများပူးပေါင်း၍ ယနေ့နံနက်(၈:၀၀)အချိန်တွင် စုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပလျက်ရှိပါသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင်တစ်ရွာလျှင်နှစ်ဧကနှုန်းဖြင့် ပျိုးပင်များဖြစ်သောခါ တော်မီ၊ မဲဇလီ၊ ရေသင်းဝင် စသည့်ပျိုးပင်ပေါင်း (၂၄၂၀)ပင်ကို သစ်တောဦးစီးဌာနမှဦးစီးမှုး ဦးထွန်းဦးက ဟိုနောင်ကျေးရွာ ဥက္ကဋ္ဌ ဦးပေါ်နွေးအား ပေးအပ်၍ သစ်ပင်စိုက်ပျိုးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းထွန်း (ခိုလမ်)