ကျိုက်ဒုံ မေ ၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက နွေရာသီကျောင်းပိတ်ရက်တွင် အားလပ်နေသော မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ နှုတ်၏စွမ်းရည်များ ပိုမိုတိုးတက်လာစေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးပြုလာနိုင်စေရေးအတွက် ရည်ရွယ်ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် နွေရာသီကျောင်းပိတ်ရက်၌ အသိပညာဗဟုသုတရှာနေသော မူလတန်းအဆင့်ကျောင်း သားကျောင်းသူများမှ မိမိတို့ကြိုက်နှစ်သက်သည့် အသိပညာပေး စာအုပ်များဖြင့် စာဖတ်စွမ်းရည် ပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)