သိန္နီမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

သိန္နီ မေ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စာပေအသိပညာ ဗဟုသုတတိုးပွားရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးအတွက် စာအုပ်စာစောင်များကို နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် လှည့်လည်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့မွန်းလွှဲပိုင်းအချိန်က သွားရောက် ငှားရမ်းပေးခဲ့သည်။

ထိုသို့ ငှားရမ်းရာတွင် ဒေသခံပြည်သူများ ဗဟုသုတတိုးပွားစေရန်အတွက် သုတစာအုပ်များ၊ မဂ္ဂဇင်း စာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ ဂျာနယ်များနှင့် ကလေးများအတွက် ရုပ်ပြစာအုပ်များ၊ ပုံပြင်စာအုပ်များကို သိန္နီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊ စာရင်းစစ်ရုံးနှင့် စည်ပင်သာယာရေးရုံးများသို့ သွားရောက်၍ငှားရမ်းပေး ခြင်းဖြစ်သည်။ သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များလာရောက်ငှားရမ်းရန် အခက်အခဲရှိ သူများအတွက် နယ်လှည့်စာကြည့်တိုက်စာငှားစနစ်ဖြင့် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာချိုထံမှ သိရသည်။

စောဥမ္မာ (သိန္နီ)