ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ငါန်းဇွန် မေ ၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အမအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက်၉နာရီမှစ၍ မြို့မဇုံမှ (၂၀၀)ဦး၊ မြို့သာဇုံမှ (၃၅၀)ဦး၊ ငါန်းမြာဇုံမှ (၂၅၀)ဦး၊ ခြင်္သေ့လက်ဇုံမှ (၁၇၆)ဦး၊  ဂျိုဇုံမှ (၁၀၆)ဦး၊ သံဘိုဇုံမှ (၂၅၀)ဦးနှင့် ကုလားရွာဇုံမှ(၃၅၀)ဦးစုစုပေါင်း(၁၆၈၂)ဦးထိုးနှံပေးခဲ့ကြောင်းသိရသည်။ 

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ဧပြီ ၈ရက်နေ့မှမေ ၅ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အမအသုတ် ဒုတိယအကြိမ် (၁၂၇၂၉)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။         

သက်နောင်ဦး(ငါန်းဇွန်)