မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် ၌ ကမ္ဘာ့ကြက်​ခြေနီ​နေ့ အထိမ်းအမှတ်​ Talk Show ကျင်းပ

မရမ်းကုန်းမေ

 ​​မေလ()ရက်​နေ့တွင် ကျ​ရောက်မည့် ကမ္ဘာ့ကြက်​ခြေနီ​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ယ​နေ့နံနက် ၁၁:၀၀ နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကမ္ဘာ့ကြက်​ခြေနီ​နေ့အထိမ်းအမှတ် (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Showတွင် မရမ်းကုန်းမြို့နယ် ကြက်​ခြေနီတပ်ဖွဲ့မှူး ဦး​​​မောင်​မောင်မြင့်က ကမ္ဘာ့ကြက်​ခြေနီ​နေ့ ဖြစ်​​ပေါ်လာပုံသမိုင်း၊ ကြက်​ခြေနီ၏အဓိပ္ပါယ်၊ ကြက်​ခြေနီလုပ်ငန်းများ၊ မြို့နယ်ကြက်​​ခြေနီတပ်ဖွဲ့၏ ကူညီ​ဆောင်ရွက်​နေမှုလုပ်ငန်းများ၊ ကြက်​ခြေနီ​၏မူဝါဒများ၊ ကြက်​ခြေနီတပ်ဖွဲ့နှင့် ပြည်သူများ ပူး​ပေါင်း​ဆောင်ရွက်​စေလိုသည့် အ​ကြောင်းအရာများ အစရှိသည်တို့ကို ​ဆွေး​နွေး​ပြောကြားခဲ့​ကြောင်း သိရသည်။

​​အေး​အေး​အောင်