ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်းခဲ့ရာ ရေဂါလံ တစ်သိန်းကိုးသောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်

ညောင်ဦး မေ  ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ဝက်သဲကျင်း တဲတိုက်၊ နတ်ပလင်ကျေးရွာ၊ ဇီးပင်ကြီးတဲတိုက်သို့ မေ၆ရက်၊ နံနက်၁၀နာရီအချိန်မှစတင်ပြီး သောက်သုံးရေဂါလံ (၄၈၀၀)သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူ တော်အသင်းအကျိုးဆောင်များထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ဇီးပင်ကြီးတဲတိုက်၊ ဝက်သဲကျင်းတဲတိုက်နှင့် နတ်ပလင်ကျေးရွာသို့ ရေဂါလံ ၄၈၀၀လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက် ရှိရာ ယခုသောက်သုံးရေလှူဒါန်းသည့် ဇီးပင်ကြီးတဲတိုက်အတွက် သောက်သုံးရေဂါလံ ၁၆၀၀၊ ဝက်သဲကျင်းတဲတိုက်အတွက် ရေဂါလံ၁၆၀၀၊ နတ်ပလင်ကျေးရွာအတွက် ရေဂါလံ၁၆၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ(၁၉၈၄၀၀) ဂါလံ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ် နေသော ကျေးလက်နေပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD