အလုံမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်

အလုံ မေ  ၆

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ဆင်မင်းရပ်ကွက်ရှိ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်တွင် ၁၃၈၄ (၂၀၂၂)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲဖြေဆိုနိုင်ရေး စာမေးပွဲခုံ၊ စာဖြေခုံနံပါတ်နှင့် အခမ်းအနား ပြင်ဆင်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀) နာရီ အချိန်တွင် ပြင်ဆင် ဆောင်ရွက်ကြောင်း သိရသည်။

အလုံမြို့နယ်တွင် ယခုနှစ် ပါဠိပထမပြန်စာမေးပွဲအား ​​မေလ ၇ရက်​​နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ စာမေးပွဲသို့ မြို့နယ်အတွင်းရှိာသင်တိုက် ​() တိုက်မှ စာရင်းရှိ   စာ​ဖြေသံဃာ (၅၅)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

စာမေးပွဲဖြေဆိုရန်အတွက် စာမေးပွဲခုံ၊ စာဖြေခုံနံပါတ်နှင့် အခမ်းအနား စနစ်တကျဖြစ်စေရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့  ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းမှ ဦးဆောင်၍ အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ပြင်ဆင်ဆောင်ရွက်​ကြောင်း သတင်းရရှိသည်။

တင်တင်ချို