နောင်ချိုမြို့ နယ်လူထုအခြေပြုဗဟိုဌာန၌ စိတ်ကြိုက်ဆေးရောင်ခြယ် ပြိုင်ပွဲဆောင်ရွက်

နောင်ချို မေ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကလေးများ ဉာဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်၍ စိတ်ကြိုက်ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကလေးများအားလပ်သည့်အချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ စာပေဗဟုသုတများ လေ့လာတတ်သည့် အလေ့အထရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြတ်စေရန်၊ အတွေးအခေါ်များ ရင့်သန်လာစေရန်ရည်ရွယ်၍ အခါအားလျော်စွား ပြိုင်ပွဲများဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့က စာငှား၊ စာဖတ်လာကြသည့် ကလေးငယ်()ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ယှဉ်ပြိုင်မှုအပြီးတွင်  ကလေးငယ်များအား  ပျော်ရွှင်မှုရရှိစေရန် မုန့်များပေးဝေခဲ့ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)