ကျောက်ပန်းတောင်းမြို့တွင် (၇၆) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များနာကြား

ကျောက်ပန်းတောင်း မေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့နံနက် () နာရီခွဲအချိန်က အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ် မီးသတ်တပ်ဖွဲ့ရုံး အဆောက်အဦတွင် ကျင်းပြပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်ပန်းတောင်းမြို့နယ် မီးတပ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်နိုင်လင်း၊ ဒုတိယဦးစီးမှူး (စခန်းမှူး) ဦးမျိုးပိုင်သူထွေးနှင့် စခန်းခွဲတာဝန်ခံများ၊ သန္ဓေတပ်ဖွဲ့ ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များက သံဃာတော် အရှင်သူမြတ် () ပါးအား ပင့်ဖိတ်၍ ပရိတ်တရားတော်များ နာကြား၍ သင်္ကန်းအစရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကြပြီး၊ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအအနားကို ဆက်လက်ကျင်းပရာ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်နိုင်လင်းက (၇၆) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအား ဖတ်ကြား၍ ထူးချွန်ဆုရရှိကြသည့် သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးတပ်ဖွဲ့နေ့ အခမ်းအနားသို့ ကျောက်ပန်းတောင်းမြို့နယ် မီးသတ် ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်နိုင်လင်း၊ ဒုတိယဦးစီးမှူး (စခန်းမှူး) ဦးမျိုးပိုင်သူထွေးနှင့် စခန်းခွဲတာဝန်ခံများ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)