ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ဒဂုံ မေ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် လူထုအခြေပြု ဗဟိုဌာန Community Centre ၌ ယမန်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အသိ ပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ နေ့လည် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်​မေသန္တာ က Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း​ပြောကြားခဲ့ပြီး ‌ဒဂုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှုး ဦး‌ကြည်နိုင်ဦးက (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်း ဆောင်ရွက် လျက်ရှိသည့် ပြည်သူအကျိုးပြုလုပ်ငန်းများ၊ ပြည်သူများအနေဖြင့် မီးလောင်မှုမဖြစ်ပွားအောင် လိုက်နာဆောင်ရွက် ရမည့် အချက်များနှင့် မီးလောင်မှုဖြစ်ပွားပါက အမြန်ဆုံးဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များစသည့် မီးဘေးအန္တရာယ် ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရသည်။

မေသန္တာ