မိုးကောင်းမြို့ Community Centre ၌ အထွေထွေဗဟုသုတနှင့် ကာယစွမ်းရည်ပြိုင်ပွဲကျင်းပ

မိုးကောင်း မေ ၆

ကျောင်းသားလူငယ်များ အထွေထွေဗဟုသုတ စွမ်းရည်မြှင့်မားလာစေရန် ရည်ရွယ်၍ မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ၌ အထွေထွေဗဟုသုတနှင့် ကာယစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်တွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နီနီလွင်က ပြိုင်ပွဲနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။

အထွေထွေဗဟုသုတစွမ်းရည်ပြိုင်ပွဲ ကျင်းပရာတွင် ဒေသန္တရအသိပညာမေးခွန်း (၁၀)မျိုးကို ကလေးစာဖတ်ပရိတ်သတ် ကျား (၃)ဦး၊ မ (၂၇)ဦး ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဒုတိယဦးစီမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)