ဘားအံ မေ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် Kahoot Quiz Game ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ဝင်ဖြစ်သည့် ဦးစောအောင်ဘက Kahoot Quiz Game ပြိုင်ပွဲ ကျင်းပပြုလုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေဖြင့် ကမ္ဘာ့ကြက်ခြေနီနေ့နှင့်ပတ်သက်သည့် အထွေထွေဗဟုသုတများကို သိရှိစေရန်နှင့် Mobile Phone ကို အသုံးပြု၍ အထွေထွေဗဟုသုတ ဉာဏ်စမ်း မေးခွန်းများကို ယှဉ်ပြိုင် တတ်စေရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် ပတ်သက်သည့် အထွေထွေဗဟုသုတ မေးခွန်းများကို အမှား/အမှန်၊ အမှန်ရွေးချယ်စနစ်များဖြင့် ယှဉ်ပြိုင်စေခဲ့ရာ ကျောင်းသား/သူ လူငယ်(၂၀)ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)