မိုးနဲ မေ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အားလပ်ချိန်တွင် စာပေလေ့လာမှု ပိုမိုတိုးပွားလာစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင် သည့် စာငှားစာဖတ် ပရိတ်သတ်များတွက် စာအုပ်စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှု နိုင်ရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံး များသို့ သွားရောက်၍ သုတ/ရသ စာအုပ်များကိုလည်း အခမဲ့ငှားရမ်းပေးခဲ့ကြသည်။ အဆိုပါ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)