လှိုင်သာယာ(အနောက်ပိုင်း) မေ ၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကလေးများ စာကြည့်တိုက်သို့ လာရောက်၍ အသိပညာဗဟုသုတဖွေခြင်း၊ ကာယာဉာဏစွမ်းရည် ရရှိစေခြင်းအတွက် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့် စာအုပ်စာစောင် ပြပွဲများကို ပြုလုပ် ကျင်းပခဲ့သည်။
အဆိုပါ ပြုလုပ်ကျင်းပရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သိန်းသိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဟောပြောပြီး ကလေးငယ်များအား ကာယဉာဏ စွမ်းရည် ရရှိစေရန်အတွက် မုန့်စားပြိုင်ပွဲများပြုလုပ်ပေးခြင်းနှင့် စာအုပ်စာစောင်များ ပြသဆောင်ရွက်ပေးခြင်းများ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း၊လှိုင်သာယာ(အနောက်ပိုင်း)