ကာမိုင်းမြို့၌အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းများဆောင်ရွက်

 

ကာမိုင်း မေ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်(၉)နာရီမှ မွန်းလွှဲ(၃)နာရီအထိ ကာမိုင်းမြို့တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဆေးထိုနှံရာတွင် ကာမိုင်းမြို့မိခင်နှင့်ကလေး စောက်ရှောက်ရေးဌာနမှ ကျန်းမာရေး ၀န်ထမ်းများက မြို့ပေါ်ရပ်ကွက်‌/ကျေးရွာများရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယိုကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ၀က်သက်၊ ဂျိုက်သိုးတိုက်ကျွေးခြင်းနှင့် ကိုယ်၀န်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ မိခင်နှင့်ကလေး‌စောက်ရှောက်ရေးအသင်းနှင့် ကာမိုင်းမြို့ကြက်ခြေနီအသင်းခွဲငယ်မှ အဖွဲ့၀င်တို့ကပါ၀င်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)