ကော့မှူးတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ကော့မှူး မေ ၃

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့်စား သုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်‌ရေးအတွက် အခြေခံစားသောက်ကုန်များအား  ယနေ့ နံနက်က မြို့သစ်ရပ်ကွက် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့၌ လာရောက်‌ရောင်းချ ပေးနေကြောင်း သိရသည်။

ထိုသို့ ဈေးကားဖြင့် လာရောက်ရောင်းချသော အသင်းများနှင့် ဈေးဝယ်နေပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါ ဈေးကားတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်တစ် ပြည်လျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဖြင့်ဆန် (၇၅) အိတ် အားလည်းကောင်း၊ ပေါ်ဆန်း တစ်ပြည်လျှင်ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ငါးပြည်တစ်အိတ်ကိုငွေကျပ်  ၈၅၀၀ ဖြင့်ဆန် (၇၅) အိတ်အားလည်းကောင်း၊ ဆီငါးဆယ်သားတစ်ဘူးကိုငွေကျပ် ၂၇၀၀ ကျပ်နှုန်းဖြင့်ဆီ (၃၀၀) ဘူးအားလည်းကောင်း၊ ကြက်ဥဆယ်လုံးတစ်ကတ်ကို ၁၆၀၀ ကျပ်ဖြင့် ကြက်ဥ (၅၀) ကတ်တို့ကို ဈေးနှုန်းချိုသာ စွာလာရောက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူရ ကော့မှူး