ကော့မှူး မေ ၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ပေးရခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများ တိုးပွားလာစေရန်နှင့် လူအများရှေ့တွင် ပြောရဲဆိုရဲရှိလာစေရန်၊ လူကြီးများက လူငယ်များအပေါ်အတွေးအခေါ် အယူအဆများနှင့အမှားအမှန် ဝေဖန်ပိုင်းခြား မှုများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း စသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ (BookClub) အသင်းမှအဖွဲ့ဝင် ဒေါ်နှင်းနှင်းသူက စာရေးဆရာမောင်မင်းစိုး ရေးသားထားသည့် မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ စာအုပ်ထဲမှ ဗလငါးတန်ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မာမာမှ “ အစွဲ ” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် (Book Club) အသင်းမှအဖွဲ့ဝင် ဒေါ်နှင်းနှင်းသူက ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီး စာပေချစ်မြတ် နိုးသူများကစာအုပ်ပါအကြောင်း အရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကျော်သူရ ကော့မှူး