မိုးကောင်း မေ ၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ မွေးစမှ အသက် ၂ နှစ်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကိုမေ(၃)ရက် နံနက် ၉ နာရီတွင် အဆိုပါဌာန၌ ဆေးထိုး၊ ဆေးတိုက်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနောင်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင် ကာကွယ်ဆေးများကို မွေးစမှ(၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် တစ်နှစ်ခွဲကလေးငယ်များအား အသက်အရွယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံခြင်းကို မေ(၃)ရက်မှ (၅)ရက်ထိ နံနက်(၉)နာရီမှ(၁၂)နာရီထိ တစ်ကြိမ် နေ့လယ် (၁)နာရီမှ(၃)နာရီထိ တစ်ကြိမ် မြို့ပေါ်(၁၀)ရပ်အား ရပ်ကွက်အလိုက်ထိုးပေးလျှက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)