စဉ့်ကိုင်မြို့နယ်၌ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအားတာ၀န်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကိုင်   မေ  ၃

မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်ခရိုင်၊    စဉ့်ကိုင်မြို့နယ်  ၌  ၂၀၂၂  -၂ ၀၂၃   ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား တာ၀န်ပေးအပ်ပွဲ အခမ်းအနားကို  ယမန်နေ့  နံနက် (၁၀)နာရီကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ   ဦးဗိုလ်အောင်မောင်မောင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၊ အတွင်းရေးမှူးမြို့နယ် ဦးစီးမှူး ဒေါ်စိမ်းမြမြမော်က ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ရာ  အခမ်း အနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ အဆင့်မြင့် ပညာဦးစီးဌာန မှပါမောက္ခချုပ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်မံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ   ဦးဗိုလ်အောင်မောင်မောင်၊   အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုး​အောင်နှင့်  တာ၀န်ရှိသူများက ပညာရေးကဏ္ဍနှင့် ပတ်သက်သည့်လုပ်ငန်းစီမံကိန်း၊ သောက်သုံးရေရှိရေးကဏ္ဍနှင့်ပတ်သက်သည့် စီမံကိန်း၊ လမ်း၊ တံတားကိစ္စရပ်များနှင့်  ပတ်သက် သည့် လုပ်ငန်းစီမံကိန်း၊ ရေအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်း စီမံကိန်းများကို သက်ဆိုင်ရာတာ၀န်ရှိသူများ ထံအသီးသီးပေးအပ်ခဲ့ပြီး အဆိုပါလုပ်ငန်းများသည်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့်  ရင်းနှီးမြှုပ်နှံမှု  လုပ်ငန်းစီမံကိန်းများမှ လုပ်ငန်းပေါင်း (၄၅)ခု၊  စုစုပေါင်းလျာထားငွေ ကျပ်သန်းပေါင်း (၅၇၆၅.၃၀၇) သန်းနှင့်  တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်   ဆောင်ရွက်မည့်ရင်းနှီးမြှုပ် နှံမှု လုပ်ငန်း စီမံကိန်း များ မှလုပ်ငန်းပေါင်း(၄၈)ခု၊ စုစုပေါင်း လျာထားငွေကျပ် သန်းပေါင်း(၄၄၂၇ .၆၀၄)သန်းတို့ဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)