မရမ်းကုန်းမြို့နယ်တွင် ဒေသထွက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ဖွင့်လှစ် ရောင်းချပေး

မရမ်းကုန်း မေ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် ဦးချစ်ထွန်းလမ်းရှိ ရောင်နီဦးရောင်းဝယ်ရေး သမဝါယမ အသင်းလီမီတက်အရောင်းဆိုင်တွင် ပြည်သူများစျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ကြီးကြပ်ကာ ရောင်နီဦးရောင်းဝယ်ရေး ဒေသထွက်ကုန်အရောင်းဆိုင်ကို ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ရောင်းချ ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်အနေဖြင့် ရောင်းဝယ်ရေးသမဝါယမအသင်း (၁၇) သင်း ရှိသည့်အနက် မြို့နယ်အတွင်း ရောင်နီဦးရောင်းဝယ်ရေး ဒေသထွက်ကုန်အရောင်းဆိုင်အား  ပြည်သူများစျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် စတင်ဖွင့်လှစ်ခဲ့ပြီး  ဒေသထွက်ကုန်ပစ္စည်းများနှင့် လူသုံး၊ အိမ်သုံးပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ အဆိုပါ ဒေသထွက်ကုန် အရောင်းဆိုင်ဖွင့်ပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ရောင်းဝယ်ရေးသမဝါယမ အသင်းများမှ အမှုဆောင်များ၊ စျေးဝယ်သူများက ဝယ်ယူကြည့်ရှု အားပေးခဲ့ပြီး တက်ရောက်လာကြသည့်   ဧည့်သည်​တော်များကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဉ်ဉ်မော်(ပြန်/ဆက်)