သပိတ်ကျင်း မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်( ၉)နာရီက အေရိုးဗစ်သင်တန် ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/သူ လူငယ်များ ကျန်းမာသန်စွမ်းသောလူငယ်များ ဖြစ်ပေါ်လာစေရန်၊ လူငယ်များထူးချွန်ထက်မြက် ပြီးဘက် စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး အဆိုပါသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းသို့ ကျောင်းသား/သူ လူငယ်(၂၀)ဦးတက်ရောက်ခဲ့ပြီး မြို့နယ် ကာယပညာ ဦးစီးဌာန၊အကနည်းပြ ဆရာမဒေါ်သက်ထက်စံနှင့် ဒေါ်ကြည်ဇင်သန့်တို့မှ( ၃)ရက်ကြာ အေရိုးဗစ်အက ကိုသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)