မက်မန်း မေ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးသည့်လက်သမား၊ ပန်းရံသင်တန်းကို၂၀၂၂ခုနှစ်၊ မေလ ၁ ရက်နေ့ မှစတင်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးတွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ဖွင့်လှစ်သည့်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံ သင်တန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးထွန်းထွန်း လက်ထောက်ညွှန်ကြားရေးမှူး(နည်းပြ)၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးတင်ဆူး (ခေတ္တခရိုင်ဦးစီးမှူး)နှင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးမိုင်းညီဇော်လှအောင် (မြို့နယ်ဦးစီးမှူး) တို့က သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ဖွင့်လှစ်သည့်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်ရံသင်တန်းကို မေလ(၁)ရက်နေ့မှ(၂၅)ရက်နေ့အထိ သင်တန်သား(၂၅)ဦးဖြင့် စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)